ရင်ဘတ်ကြီးနဲ့ ဖတ်ပါ
မနေ့ ရာသီဥတုကြောင့်မိုးရွှာတယ်
ဒီနေ့ ငါ့ပယောဂကြောင့်ငါတစ်ယောက်
မျက်ရည်မိုးတွေရွှာနေရတယ်
ဒီမျက်ရည်တွေကျရတာနဲ့ 
အ၀တ်အစားတွေလဲစိုကုန်ပြီ
နောက်နောင်အချိန်တွေကိုလဲ
ငါမဖြတ်သန်းချင်တော့ဘူး
တန်ဖိုးမရှိတဲ့လူတစ်ယောက်အဖြစ်
ယဉ်ကျေးမှုခေါင်းပါးတဲ့လူအဖြစ်
ဘယ်လိုဆုံတွေ့ ရဦးမလဲ
ဘယ်လောက်ကြေကွဲရဦးမလဲ
အမြင်တွေမှန်နေပေမယ့်
အထင်တွေမှားနေတဲ့ သူမ စိတ်ကို
ဘယ်လို နားဝင်ချိုအောင်ပြောမလဲ
ဘာတွေဘယ်လိုမှားသွားလဲ
ရယ်စရာတွေပြောနေတက်တဲ့
ငါကိုယ်တိုင်ကညံ့ဖျင်းခဲ့တာနေမှာပါ
ချစ်စကားတောင်ဖွင့်မပြောခင်
မျှက်နှာချင်းတောင်မဆိုင်ရဲတော့
ငါစိတ်ထဲမှာတော့ရိုးရှင်းတယ်
စကားစု တစ်စု မှားသွားလို့  
ဘ၀ ကြီးတစ်ခုကခါးသက်သက်နဲ့ 
ချိုမြိန်တဲ့နေ့ ရက်ရှည်တွေကို
မမျှော်လင့်ရဲတော့ဘူး
အရင်လိုပြန်မရတော့ဘူးလား
အဖြူထည်ကိုအရောင်မဆိုးပဲနေခဲ့တယ်
ကြင်နာခြင်းတွေရင်ထဲရှိခဲ့မိလို့ 
မုန်းသွားမှာတွေးကြောက်နေတယ်
တိတ်တိတ်လေးသာခိုးချစ်ခဲ့တယ်
ဒါတောင်..ဒီလောက်ထိ…
သိပ်နေဖို့ မကောင်းတဲ့ဘဝ
အမြဲပြုံးနေဖို့ မကောင်းတဲ့အဖြစ်
မျက်ရည်တွေနဲ့ ပဲလား
သူတစ်ပါးတွေကိုရယ်စေခဲ့တဲ့
မှင်မထင်တဲ့စာတစ်ရွှက်မှာ
မျက်ရည်တွေနဲ့ ရေးခဲ့ခြင်းလား
မုန်းသွားတာခံရမခက်ဘူး
အထင်သေးတာခံရခက်တယ်
မဆီမဆိုင် စကားတစ်ကြောင်းက
ငါ့ကိုငိုစေခဲ့တယ် 
ငါ့ကိုဝမ်းနည်းစေတယ်
ငါ့ကို..ငါ့ကို..ငါ့ကို
အသေသတ်သွားပါလားကွာ
ယောင်လည်လည်ရှင်သန်နေတာ
ဘာများကောင်းတာရှိလို့ လဲ
မြန်ဆန်လွန်းတဲ့အချိန်ခဏက
ငါတို့ ကိုဝေးကွာစေခဲ့တယ်
ဘယ်အချိန်ထိလဲတော့အတပ်မသိ
သူမ နားလည်လာမယ့်အချိန်ထိပေါ့
ဟန်ဆောင်မှုတွေနဲ့ မခင်မင်ချင်ဘူး
အပြုံးတုတွေလဲငါမလိုချင်ဘူး
ငါလိုချင်တာ သူမ ဆီက
နွေးထွေးတဲ့မေတ္တာတရားပါ
လောဘများကြီးနေလို့ လား
မဖြစ်နိုင်တာမှန်းမိနေတာပဲထားပါ
မကြာသေးတဲ့အတိတ်ကိုတွေးပြီး
မျက်ရည်တွေနဲ့ ပြုံးတက်နေပြီ
နှုတ်ပိတ်ခံထားရတယ့်ပါးစပ်
မျက်ရည်စိုနေတဲ့လက်နှစ်ဖက်နဲ့ 
ဒီစာတွေကိုရေးနေတုန်းဆုတောင်းတယ်
သူမ နားလည်နိုင်ပါစေ…။
ခေါင်းစဉ်မရှိ
ပြောခဲ့ဖူးတဲ့စကားတွေ
စဉ်းစားလို့ ပေးပါ
လျှောက်လည်ဖူးတာတွေ
အမြဲတွေးနေပေးပါ
ရီမောခဲ့ဖူးတာတွေကို
သတိရလို့ ပေးပါ
လျှောက်ခဲ့တဲ့လမ်းများစွာ
စဉ်းစားနေလိုက်ပါ
ငါးစာတွေကျွေးခဲ့ဖူးတာ
လွမ်းမောလို့ ပေးပါ
ဖုန်းဆက်ခဲ့အချိန်တွေတိုင်းကို
တမ်းတလို့ ပေးပါ
မမြင်အောင်ခိုးကြည့်တဲ့အကြည့်တွေ
မြင်ယောင်လို့ ကြည့်ပေးပါ
လိမ်ညာမှုမရှိတဲ့စကားတွေကို
ပြန်ကြားယောင်ပေးပါ
ခေါင်းထဲထည့်တွေးပေးပါ
ဖွင့်မပြောရဲတဲ့ လူညံ့တစ်ယောက်ကို
ရင်ထဲကနေစာနာပေးပါ
ဘာတပ်မက်မှုမပါတဲ့အချစ်တစ်ခုကို
လက်ခံနိုင်မှလက်ခံပေးပါ
ကျခဲ့ရတဲ့မျက်ရည်များကို
မသိချင်ယောင်ဆောင်ပေးပါ
တိတ်တခိုးချစ်ခဲ့တဲ့လူတစ်ယောက်ကို
ခွှင့်လွှတ်ပေးပါ
အဓိပ္ပါယ်လွဲတဲ့မှားယွင်းမှုတစ်ခုကို
နားလည်လို့ ပေးပါ။
စည်း
အဖြူရောင်စည်းတစ်ကြောင်းပေါ့
သူမ နဲ့ ကျွန်တော့်ကြားမှာရှိတယ်
အပြာရောင်ချစ်အဓိပ္ပါယ်တွေနဲ့ 
စည်းတစ်ခုရေးဆွဲချင်တယ်
သူမ များမုန်းသွားမလား
မှင်နီတွေနဲ့ တားသွားမလား
မျှော်လင့်ချက်တွေပျောက်ပြီး
စည်းတစ်ခုတည်းကရုန်းထွက်
နောက်စည်းတစ်ကြောင်းထဲမှာ
တစ်ယောက်တည်းမျောပါ
သူမ ကိုမခေါ်ရဲခဲ့တဲ့ ၀တ္ထုတစ်ပုဒ်မှာ
မင်းသားကကျွန်တော်တစ်လက်ထဲပေါ့
ဖျက်ဖို့ ခက်တဲ့စည်းတစ်ကြောင်း
ဖြူစင်လွန်းတဲ့စည်းတစ်ကြောင်း
ဒီစည်းကြောင့် သူမ နဲ့ ကျွန်တော်
ဆုံဆည်းခွင့်ရခဲ့တယ်
သံယောဇဉ်တွယ်မိခဲ့ကြတယ်
ကျွန်တော့်ဘက်ကချစ်မိသွားခဲ့တယ်
ဒီစည်းတစ်ကြောင်းကိုဖျက်ပစ်ချင်ပြီ
အပြာရောင်းစည်လေးတားလိုက်ချင်
အဖြူရောင်စည်းဝိုင်းထဲက
မထွက်သေးတဲ့ သူမ တစ်ယောက်ကို
အပြာရောင်စည်းလေးထဲက
ကျွန်တော်စောင့်လို့ နေမယ်.။
သူမ အတွက်စကားစု
သူမ ရောက်လာပေးပါ
တွေ့ ဆုံတဲ့အချိန်တွေတိုင်းမှာ
ကျွန်တော်မော်ဖူးချင်လို့ ပါ
 သူမ အသံလေးကိုကြားချင်လို့ ပါ
ညင်သာတဲ့လေချိုသွေးသံလေး
နားထဲစွဲအောင်ပြောပြပေးခဲ့
ကျွန်တော်မသိတဲ့ သူမ အကြောင်း
သူမ ကိုယ်တိုင်ရှင်းပြလိုက်ပါ
ကျန်တဲ့အရာတွေအတွက်ဟောင်းလဲ
ကျွန်တော့်အတွက်အသစ်ဖြစ်နေဆဲ
အိမ်ပြန်တဲ့နေ၀င်ချိန်တိုင်းမှာ
လက်ကာပြပေးခဲ့ပါ
ဒီအတိုင်းကြီးထွက်သွားလိုက်ရင်
ပြန်မဆုံနိုင်မှာကြောက်တယ်
သူမ အပြစ်မမြင်စေချင်ဘူး
အယောင်အမှားမှားနဲ့  သူမ ဘေးမှာ
ချစ်တဲ့အကြောင်းတွေတွေးနေမိလို့ ပါ
မမောမပန်း သူမ ပြောတဲ့အကြောင်းတွေ
နားထဲမ၀င်ခဲ့မိရင်နားလည်ပါ
သူမ မျှက်နှာကိုကြည့်ရင်းအားလုံးကို
မေ့ပျောက်သွားခဲ့မိတယ်
ကျွန်တော်ဖွင့်ပြောခဲ့မိရင်စိတ်မဆိုးနဲ့ 
ရင်ထဲမှာသိမ်းမထားနိုင်တော့မှပြောမိမှာပါ။
ကျွန်တော်ချစ်သော သူမ
ကျွန်တော်ချစ်သော သူမ
မီးပြတိုက်ကြီးတစ်ခုလို
လမ်းတွေကိုမြင်သာစေတယ်
ဘ၀ကိုတစ်ယောက်တည်းနဲ့ 
ရင်ဆိုင်နိုင်အောင်ခွန်အားပေးတယ်
ဘေးနားကနေတီးတိုးဖော်အဖြစ်
ရိုးသားမှုတွေနဲ့ ကျွန်တော့်အပေါ်
ကြင်နာမှုတွေရှိခဲ့တယ်
နာကြင်စရာတွေကိုပြောပြီး
အတူတူရယ်ခဲ့ဖူးတယ်
တစ်ချိန်ကအတိတ်တွေကိုတော့
အတူတူမေ့ထားလိုက်ခဲ့တယ်
ကျွန်တော်ချစ်သော သူမ
ကျွန်တော်ရဲ့ သူမ ပေါ့
ကျွန်တော်ဘ၀ထဲခေါ်ချင်တယ်
သူမ လာနိုင်ဖို့ တော့မမျှော်လင့်ရဲ
ဒါပေမယ့် ကျွန်တော့်အချစ်တွေက
ကျွန်တော်ချစ်သော သူမ အတွက်ပေါ့