အဖြူရောင်စည်းတစ်ကြောင်းပေါ့
သူမ နဲ့ ကျွန်တော့်ကြားမှာရှိတယ်
အပြာရောင်ချစ်အဓိပ္ပါယ်တွေနဲ
့
စည်းတစ်ခုရေးဆွဲချင်တယ်
သူမ များမုန်းသွားမလား
မှင်နီတွေနဲ
့တားသွားမလား
မျှော်လင့်ချက်တွေပျောက်ပြီး
သူမ ရဲ့ အဝေးဆုံးဆီမှာမနေရဲ
စည်းတစ်ခုတည်းကရုန်းထွက်
နောက်စည်းတစ်ကြောင်းထဲမှာ
တစ်ယောက်တည်းမျောပါ
သူမ ကိုမခေါ်ရဲခဲ့တဲ့
ဝတ္ထုတစ်ပုဒ်မှာ
မင်းသားကကျွန်တော်တစ်လက်ထဲပေါ့
ဖျက်ဖို့ ခက်တဲ့စည်းတစ်ကြောင်း
ဖြူစင်လွန်းတဲ့စည်းတစ်ကြောင်း
ဒီစည်းကြောင့်
သူမ နဲ့ ကျွန်တော်
ဆုံဆည်းခွင့်ရခဲ့တယ်
သံယောဇဉ်တွယ်မိခဲ့ကြတယ်
ကျွန်တော့်ဘက်ကချစ်မိသွားခဲ့တယ်
ဒီစည်းတစ်ကြောင်းကိုဖျက်ပစ်ချင်ပြီ
အပြာရောင်းစည်လေးတားလိုက်ချင်
အဖြူရောင်စည်းဝိုင်းထဲက
မထွက်သေးတဲ့
သူမ တစ်ယောက်ကို
အပြာရောင်စည်းလေးထဲက
ကျွန်တော်စောင့်လို
့နေမယ်.။



0 comments:
Post a Comment