ပျံသန်းရင်း
ပျံသန်းရင်း
ခန္ဓာကိုယ်တွေကအချင်းချင်း
ထိမိ ခိုက်မိ
ကုန်ပြီ
ပွန်းပဲ့စုတ်ပြတ်နေတဲ့အတောင်တစ်စုံနဲ
့
ရီဝေေ၀ နဲ
့ဘ၀မှာပျံသန်းခဲ့တယ်
အထီးကျန်မှုတွေကအဖော်အဖြစ်
ဝမ်းနည်မှုတွေကိုကြည့်ရင်း
ရယ်မောနေခဲ့ရဖူးတယ်
ခိုနားရာမဲ့တဲ့ငှက်တစ်ကောင်
သစ်ပင်တစ်ပင်မှာဝင်နားတာ
အဆန်းလုပ်စရာမှမဟုတ်တာ
သူနားခဲ့တဲ့သစ်ပင်လေးကို
သူချစ်မိသွားနိုင်တယ်
သူ့ ဘ၀ရဲ့ နာခိုးရာတစ်ခုအဖြစ်
လျှောက်လှမ်းရင်း
လျှောက်လှမ်းရင်း
အားအင်တွေမရှိတော့
ခြေအစုံကပြုတ်ထွက်လုနီးနီးဖြစ်နေတယ်
အရောင်အဆင်းမရှိတဲ့ဖိနပ်တစ်ရံနဲ
့
ဒယိမ်း ဒယိုင်လျှောက်နေတုန်းပဲ
အပြုံးတုတွေနဲ
့ရယ်ဖူးတယ်
ကောင်းတဲ့စိတ်ကြောင့်လိမ်ညာဖူးတယ်
ဖြည့်ဆည်းနိုင်စွမ်းမရှိလောက်အောင်
မျှော်လင့်ချက်တွေကများတယ်
မဖြစ်နိုင်တဲ့ဘ၀တွေကိုတစ်သမတ်တည်း
ဖန်တီးလုပ်ယူချင်စိတ်တွေရှိတယ်
လိမ္မာတက်တဲ့လူဆိုးတစ်ယောက်
သူမ နဲ့ တွေ
့ဆုံချိန်လေးခဏမှာ
အပြုံးအစစ်တွေနဲ
့သာရယ်ခဲ့ရတယ်
ဖုန်းကွယ်ထားတဲ့နွေးထွေးမှုတွေက
အမြစ်တွယ်နေသလိုတစ်စတစ်စနဲ
့
သူမ ရင်ခွင်ထဲမှာကလေးတစ်ယောက်လို
အိပ်စက်နားလိုက်ချင်မိတယ်
သူမ ကိုချစ်မိသွားသလားတော့မသိ
ငါ့ဘ၀ရဲ့ နတ်သမီးတစ်ပါးအဖြစ်…။



0 comments:
Post a Comment