ကျွန်တော်မှားသွားလား
သူမ နဲ့ တွေ့ ဆုံချိန်တိုင်း
စိတ်ထဲမှာစိုးရိမ်စိတ်တွေရှိတယ်
သူမ ယူဆောင်လာပေးတဲ့
ပျော်ရွှင်မှုနဲ့ နှိုင်းရင်တော့
တန်ဖိုးဘယ်လိုဖြတ်မလဲ
ကလေးတစ်ယောက်လိုဖြူစင်တဲ့
လူကြီးစိတ်ဝင်ပြီးချစ်စကားပြောချင်
ကျွန်တော်ပဲမှားသွားလား
ရယ်မောသံတွေအပြည့်
ပြုံးပျော်နေတဲ့လူနှစ်ယောက်ရဲ့
အဖြူရောင်စည်းကိုအရောင်တင်မိရင်
အရင်လိုအချိန်တွေပြန်လည်ရဖို့ 
အခွင့်အရေးများရှိဦးမလား
နာကျင်မှုတွေနဲ့ ကျွန်တော့်ရင်ထဲကို
သူမ ကိုနေရာပေးခဲ့မိတယ်
ကျွန်တော်မှားသွားလား
လစ်ဟာနေတဲ့ရင်ဘတ်ထဲက
ချစ်ခြင်းမေတ္တာတရားဆိုရင်ရော
သူမ ယုံမှာတဲ့လား
ပေါင်းစည်းဖို့ မဖြစ်နိုင်တော့လို့   
ချစ်မြတ်နိုးခွင့်ရောဆုံးရှုံးရမှာလား
ဘ၀မှာဘာအရေးကြီးလဲမသိ
ကျွန်တော်သိလဲမသိချင်တော့
ဖြတ်သန်းရမယ့်နေ့ ရက်တိုင်းမှာတော့
သူမ နဲ့ အတူတူရှိချင်
ဘ၀နှစ်ခုကိုကလေးအတွေးနဲ့ 
ပေါင်းစပ်ချင်နေမိတာလား
ကျွန်တော်မှားသွားလား
သူမ ကိုထာဝရမြတ်နိုးချင်ပါတယ်
တစ်နည်းမဟုတ်တစ်နည်းနဲ့ 
ဘယ်သူမှမသိတဲ့အကြင်နာနဲ့ 
ပြောမထွက်တဲ့စကားလုံးတစ်လုံး
အစွမ်းအဆမရှိတဲ့နှုတ်ခမ်းတစ်စုံ
သူမ ေ့ရွမွာယိုင္နဲ ့သြားတဲ့
ကျွန်တော့်ရင်ဘတ်ထဲကအရာတစ်ခု
ဒါတွေအားလုံးကိုထုတ်ပိုးပြီး
အဝေးဆုံးကိုပြေးထွက်ပေးပါ့မယ်
ကျွန်တော်မှားသွားလား။
0 comments:
Post a Comment