ဆန္ဒ
အတောင်လေးတွေပေါက်ခါစ
ငှက်ကလေးတစ်ကောင်
ကျယ်ပြန့် တဲ့ကောင်းကင်က
မရပ်မနားပျံသန်းနေတဲ့
ငှက်ကလေးကိုမှမထောက်
လမ်းပြမပေးခဲ့ဘူး ။
အရွှယ်လေးရောက်နေတဲ့
လူသားတစ်ယောက်ပေါ့
ဘ၀ဆိုတဲ့အရာကြီးတစ်ခုက
မ၀ံ့မရဲလျှောက်လမ်းနေရတဲ့
ငါခြေထောက်တွေကိုမသနားဘူး
ရှာဖွေခွင့်မပေးခဲ့ဘူး ။
ပျော်ရွှင်မှုဆိုတဲ့အရာတွေကို
အများကြီးမဟုတ်ရင်တောင်
အနည်းငယ်တော့မျှော်လင့်မိတယ်
သာယာတဲ့နေ့ ရက်တွေကို
နေ့ တိုင်းမဟုတ်ရင်တောင်
ကြုံဆုံခွင့်ရချင်တယ်
သူများတွေပြောတဲ့အချစ်ဆိုတာ
ငါ့အတွက်တော့ဘာမှန်းမသိလဲ
ငါကြင်နာရတဲ့ သူမ ဆီကအချစ်ကို
တစ်ယောက်တည်းအပိုင်လိုချင်မိတယ်
ဆူးခင်းထားတဲ့လမ်းတွေဆိုတောင်မှ
ကတ္တီပါပေါ်ကဆူးတွေမှာပဲ
0 comments:
Post a Comment