သူမနဲ့ စိတ်ကူး
သူမ ကိုကျွန်တော်စိတ်ထဲက
အစ်မတစ်ယောက်လို
သူငယ်ချင်းတစ်ယောက်လို
မိတ်ဆွေတစ်ယောက်လို
ငယ်ပေါင်းတစ်ယောက်လို
သံယောဇဉ်တွယ်မိတဲ့ဇာတ်လမ်း
သူမ မရှိရင်မနေတက်သလို
သူမ နဲ့ GTalk မချက်ရရင်မပျော်သလို
သူမ နဲ့ ဖုန်းမပြောရရင်အားမရသလို
သူမ နဲ့ လျှောက်မလည်ရရင်...
လိုအပ်ချက်တွေအများကြီးနဲ့ ပေါ့
သူမ သူမ သူမ သူမ နဲ့ 
အတွေးတွေနဲ့ မျှော်နေဆဲ
သူမ သူမ သူမ သူမ နဲ့ 
ကျွန်တော့်ဘေးမှာထားချင်တုန်း
သူမ သူမ သူမ သူမ နဲ့ 
သူမ ကိုထားပြီးမသွားနိုင်ဘူး
သူမ သူမ သူမ သူမ နဲ့ 
လမ်းတွေအတူတူလျှောက်ချင်
သူမ သူမ သူမ သူမ နဲ့ 
စကားတွေပြောရင်းရယ်ချင်မိတယ်
သူမ သူမ သူမ သူမ နဲ့ 
 ခဏတာရန်ဖြစ်စိတ်ကောက်ချင်တယ်
သူမ သူမ သူမ သူမ နဲ့ 
စိတ်ဆိုးလို့ ဆူသွားမျှက်နှာကို
အထပ်ထပ်အခါခါပြန်ကြည့်ချင်မိတယ်
သူမ သူမ သူမ သူမ နဲ့ 
ကိုယ်တွေဘ၀အစအကြောင်း
အတူတူပြန်ပြောပြီးရင်ဖွင့်ချင်တယ်
သူမ သူမ သူမ သူမ နဲ့ 
အမှန်တွေပါလို့ ငါယုံနေတယ်
သူမ သူမ သူမ သူမ နဲ့ 
ဖြတ်သန်းရတဲ့လမ်းကကြမ်းနေပါစေ
ငါအပြုံးတွေနဲ့ လျှောက်ခဲ့တယ်
သူမ သူမ သူမ သူမ နဲ့ 
စိတ်ကူးလေးအတိုင်းမျောလွင့်ချင်တယ်...။
0 comments:
Post a Comment