ဟန်ဆောင်သူငယ်ချင်း
ဘယ်နေ့ ဖွင့်ပြောရမလဲ
ဘယ်အချိန်ပြောလိုက်ရမလဲ
ဘယ်လောက်ထိဖြစ်သွားမလဲ
သူမ မုန်းသွားမလား
ခင်တွယ်နေခွင့်ရဦးပါ့မလား
အတွေးတွေနဲ့ ဝေးဆဲ
ပျော့ညံ့တဲ့လူတစ်ယောက်အဖြစ်
ချစ်ခြင်းတွေကို သူမ ကိုမပေးရဲလို့ 
ရယ်မောခြင်းလို့ တံဆိပ်ကပ်
ပျော်ရွှင်မှုတွေကိုသာပေးခဲ့ရတယ်
ချစ်သူ ဘ၀ကိုမပြောင်းရဲလို့ 
သူငယ်ချင်းလိုသာနေဖို့ ခက်
ဟန်ဆောင်မှုတွေများစွာနဲ့ ပေါ့
ကြေကွဲခြင်းတွေများစွာဖြင့်
လူခြေတိတ်တဲ့ညတစ်ညမှာ
ကျွန်တော်စာရေးလိုက်ပါတယ်
သူမ အိမ်မက်လှလှမက်ပါစေ
သာယာတဲ့နံနက်ခင်းတွေကိုဖြတ်ပြီး
ပင်ပန်းတဲ့အလုပ်တွေကြားမှာ
သူမ တစ်ယောက်ပျော်ဖို့ 
ကျွန်တော်လေလှိုင်းလေးထဲမှာရှိတယ်
0 comments:
Post a Comment