ငယ်သူမို့ မသိပါ
ဘ၀တိုက်ပွဲအနိုင်အရှုံးတွေ
သူမ လောက်ဘယ်ရင့်ကျက်ဦးမလဲ
ငယ်သူမို့ မသိပါ။                            
ချစ်ခြင်းမေတ္တာတရားတွေ
သံယောဇဉ်နဲ့ ရစ်ပတ်တဲ့အကြင်နာတွေ
သူမ လောက်ဘယ်ရရှိမလဲ
ငယ်သူမို့ မသိပါ။                            
ခေါင်းသုံးရမယ့်ပြဿနာတွေ
စဉ်းစားရမယ့်အခြေအနေတွေ
သူမ လောက်ဘယ်လိုဆုံးဖြတ်နိုင်မလဲ
ငယ်သူမို့ မသိပါ။
လျှောက်ရမဲ့လမ်းကြမ်းကြမ်းတွေ
သူမ လောက်ဘယ်လှမ်းနိုင်ပါ့မလဲ        
ငယ်သူမို့ မသိပါ။         
ဖြူစင်ခြင်းအစစ်အမှန်တွေ
အရောင်မခြယ်တဲ့ရိုးသားမှု
သူမ လောက်မထိန်းသိမ်းနိုင်ဘူး 
ငယ်သူမို့ မသိပါ။
ခင်မင်ခြင်းနဲ့ စတင်မှု
သူမ ကဖြူစင်နေပေမယ့်
ကျွန်တော့်စိတ်ကမထိန်းသိမ်းနိုင်
အနီးဆုံးနေရာတစ်ခုကနေ
တိတ်တိတ်လေးမျှော်လင့်မိတယ်
သူမ မပေးနိုင်လောက်တဲ့ကြင်နာခြင်းတွေ
သူမ ထက်ကျွန်တော်တစ်ယောက်
လောဘပိုကြီးခဲ့မိတယ်
ကျွန်တော် ငယ်သူမို့ မသိပါ။
Posted by Picasa
0 comments:
Post a Comment