အဝေးတစ်နေရာကနေလာတဲ့
သူမ ကိုစွဲစွဲလမ်းလမ်းဖြစ်သွားဖူးတယ်
တိတ်ဆိတ်တဲ့ညတွေတိုင်းမှာ
စိတ်ကူးလေးတွေကိုအတောင်ဖြန်
့ပြီး
သူမ ရှိတဲ့နေရာကိုရွှက်လွှင့်ခဲ့
သူမ ကိုပြောချင်တဲ့စကားလုံးလေးတွေ
စီကာကုံးပြီး စိတ်ကူးထဲကပြောဖြစ်ခဲ့တယ်
ကြယ်ကြွေတဲ့ကောင်းကင်လိုတော့
မှောင်မှောင်ကြီးဖြစ်မနေချင်ဘူး
လမင်းကြီးနဲ့ တူတဲ့
သူမ အပြုံးတွေ
အချိန်ရှိတိုင်းတောင့်တနေမိတယ်
ငယ်ငယ်ကဆုတောင်းခဲ့သလိုပဲ
ဖိုးလမင်းကြီးရယ်………….
ကျွန်တော့်ကိုထမင်းဆီဆမ်းရွှေလင်ဗန်းနဲ
့
သူမ အချစ်ကိုပါလက်ဆောင်ပေး
ပါတော့။



0 comments:
Post a Comment