ရွှက်လွှင့်ခြင်း

သုံးစားမရတဲ့ကောင်ပါ
ဒါပေမယ့်ဘေးမှာတန်ဖိုးရှိတဲ့
အမျိုးသမီး(သူမ) ပါတယ်
ကြေကွဲညတွေလား
ပျော်မြူးရတဲ့နေ့ လယ်အချိန်ရှိတယ်
သူမ ရယ်မောခဲ့တဲ့အချိန်တွေက
ကြောက်စိတ်တွေပျောက်တယ်
သံယောဇဉ်အကြောင်းတွေ
သူမ တောင်သိမှာမဟုတ်ဘူး
ကျွန်တော့်ရင်ထဲကကြောင်းတွေ
ကျွန်တော်သာအသိဆုံး
သူမ ရှေ့မှာရိုးသားပေမယ့်
အမှောင်ထဲမှာရောက်နေတဲ့
မေတ္တာတွေကိုမီးထွန်းပေးနေ
ချစ်ခြင်းတွေကိုဖွင့်ချလိုက်ဖို့ 
စိုးရိမ်မှုတွေကသာစိုးမိုးထားတယ်
မသေချာတဲ့ဘ၀တစ်ခုနဲ့ 
မရေရာတဲ့အနာဂတ်တွေကို
ကျွန်တော်ဘယ်လိုပဲ့ထိန်းလို့ 
ဘယ်သောင်ကိုကပ်ရဦးမှာလဲ
ရီဝေေ၀ယစ်မူးစေတက်တဲ့အပြုံးကို
ထာဝစဉ်မြင်နေတွေ့ ခွင့်ရှိရင်တော့
ကျွန်တော်ဘယ်ကိုပဲမျောမျော
လိုက်မဆယ်ကြပါနဲ့ 
ကျွန်တော်တစ်ယောက်ကတော့
သူမ အပြုံးမှာမျောလွင့်နေဆဲပေါ့။


0 comments:

Post a Comment