သူမလိမ်မှာညာမှာစိတ်မပူခဲ့မိ
သူမပြေးလာပါပြီငါ့ဆီကို
မမြင်ဖူးမတွေ့ ဖူးပေမယ့်
ငါသူမမျှက်နှာကိုရင်းနှီးပြီးသား
လှည်းတန်းမှာနှစ်ယောက်သား
လမ်းတွေအတူတူလျှာက်လို့ 
ပူလောင်တဲ့နေကိုငါကထီးနဲ့ မိုးလို့ 
အနောက်တကောက်ကောက်ပေါ့
ရှမ်းခေါက်ဆွဲဆိုင်ထဲဝင်ထိုင်ပြီး
ရှမ်းခေါက်ဆွဲမစားနိုင်ပဲ
ရှမ်းခေါက်ဆွဲစားနေတဲ့သူ့ မျှက်နှာကြည့်လို့ 
ငါရင်ပြည့်ခဲ့ပြီ
Taxi တစ်စီးနဲ့  Happy World ရောက်သွားတယ်
သရဲထားစီးကြအတူတူစီးတယ်
သူမကမိန်းကလေးပဲကြောက်ပြီပေါ့
မျက်လုံးကိုစုံမှိတ်ရိုးသားတဲ့စိတ်နဲ့ 
ငါ့လက်ကိုကိုင်စွဲထားတယ်
သူမရဲ့ ခေါင်းပေါ်ငါ့လက်လေးမိုး
လာသမျှအရှုပ်ငါရှင်းပေးခဲ့တယ်
ဒိုင်နိုဆောကမ္ဘာမှာငါနဲ့ သူမ
ဒိုင်နိုဆောသိပ်မတွေ့ ခဲ့ပါဘူး
ခုံလွတ်တောင်မချန်ပဲထိုင်နေတဲ့
အတွဲတွေကြားမှာမဆီမဆိုငါတို့ နှစ်ယောက်
ခုံတစ်ခုံမှာခပ်တည်တည်နဲ့ သွားထိုင်မိတယ်
တစ်နေကုန်လျှောက်လည်ကြတယ်
ကုန်လွန်နေတယ့်မိုးရေတွေတောင်
ငါတို့ ပေါ်ရွှာချလို့ ပေါ့
ထီးတော်မိုးငါတစ်ယောက်တော့
သူမနောက်ကလိုက်ရုံပဲပေါ့
Mingalar 3D ကိုစိတ်တူကိုယ်တူသွားတယ်
ရောက်သွားတဲ့အခိုက်မှပဲ
"အကိုရေ 3:30 လက်မှတ်ကုန်ပြီတဲ့"
လတ်မှတ်ရောင်းတဲ့အမျိုးသမီးတစ်ဦး
ပြောလိုက်စကားကြောင့်နှစ်ယောက်သား
ရင်ထဲမှာအမောများစွားနဲ့ ပေါ့
သူမခေါ်ဆောင်ရာလိုက်တော့
တာမွေက၀က်သားတုတ်ထိုးမှစားချင်တယ်
ဒီလိုဆိုတော့စားလေသတည်းပေါ့
သူမကံဆိုးတယ်
သူမစားနေကြဆိုင်ပိတ်ထားတယ်
ဘယ်ရမလဲသူမကတော့
ကြုံရာဆိုင်ဝင်ဆွဲကြတယ်
ဈေးသည်ကိုမျိုးစုံလုပ်ခိုင်းနေတဲ့သူမကို
ကြည့်ရင်းကြည့်ရင်းမိုးရေတွေနဲ့ အတူ
ရင်ထဲမှာအေးသွားတာပဲ
ဒီလိုနဲ့ ပဲရုပ်ရှင်တစ်ရုံထဲရောက်တယ်
သူများတွေကရုပ်ရှင်ကြည့်နေပေမယ့်
သူမနဲ့ ကျွန်တော်ကကိုယ့်အကြောင်းတွေ
စပ်မိစပ်ရာတွေပြောနေတုန်း
ပေါက်ကရတွေပြောပြီးရယ်နေတုန်း
ဇာတ်ကားကြည့်လို့ ရယ်မိရင်
အတူတူရင်ထဲကအောင့်အောင့်သွားတယ်
မှောင်နေတဲ့ကြားထဲကသူမမျှက်နှာကို
ရှင်းရှင်းလင်းလင်းငါမြင်နေရတယ်
သူများတွေရုပ်ရှင်ရုံထဲကမထွက်ခင်
ငါတို့ အရင်ဦးဆုံးထွက်ခဲ့တယ်
သူမကသဘောကောင်းတယ်
ငါ့ကိုလှည်းတန်းထိပြန်လိုက်ပို့ တယ်
အဲဒီအချိန်မှာငါ့စိတ်ကစတာပဲ
တစ်နေကုန်ပျော်ခဲ့ရသမျှအဲဒီအချိန်မှာ
ကမ်းစပ်ကသဲတွေလိုပဲ
ပင်လယ်ရေတွေကတိုက်စားသွားတယ်
ငါ့ရင်ထဲမှာဟာတာတာနဲ့ 
ဝမ်းသာခဲ့ရသမျှဝမ်းနည်းဖို့ အချိန်က
တဖြေးဖြေးနဲ့ ရွေှ့လျားလာသလို
သူမကိုချစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါတဲ့
စာကြောင်းတစ်ကြောင်းမှမပါပေမယ့်
I Need You.



0 comments:
New comments are not allowed.