နေ့ ရက်များ


Saturday ကိုအမြန်ရောက်ချင်မိတယ်
SunDay  ကိုမကုန်စေချင်ဘူး
ဒီ ၂ ရက်တည်း သူမ နဲ့ တွေ့ ခွင့်ရတာ
နေနိုင်ပါတယ်လို့ ပြောပြီး
အဲဒီ ၂ ရက်မှတွေ့ ခွင့်မရခဲ့ရင်
အရူးတစ်ပိုင်းဖြစ်မလားတော့မသိ
သူများတွေပြောတဲ့ ရိုးအီ သွားမယ် ဆိုတာ
ငါ့ဘ၀ထဲက သူမ အတွက်အမှိုက်ပုံးထဲ
ထာဝရ ထည့်လို့ ထားမှာပါ
ပျော်ရွှင်မှုတွေပဲရတဲ့တွေ့ ဆုံခြင်းကို
ဘယ်သူများလက်လွတ်ခံမှာလဲ
ဆုံးရှုံးရခဲ့ရင်တောင်နောက်ထပ်နေ့ တွေကို
မျှော်လင်လို့ နေထိုင်သွားမှာပါ
ကျန်တဲ့သက်တမ်းတစ်လျှောက်ပေါ့
သူမ အတွေးထဲဝင်ကြည့်စရာမလိုဘူး
သူမ ရဲ့ နေ့ ရက်တိုင်းမှာငါရှိတယ်
ငါတို့ ရဲ့ ရက်သတ္တပတ်တိုင်းမှာ
အမှတ်တရတွေကျန်နေခဲ့မယ်
လျှောက်လှမ်းတဲ့ခြေလှမ်းတိုင်းမှာ
အလှတရားတွေများစွာနဲ့ ပေါ့
ရင်ခွင်ထဲ သူမ တိုးလို့ ဝင်လာမယ့်
နေ့ ရက်တွေကိုစောင့်စားလို့ နေဆဲ
သူမ  နဲ့  တွေ့ ဆုံခြင်းတွေဖြူစင်ခဲ့တယ်
အပြာရောင်သို့ ပြောင်းခဲ့နိုင်လဲ
ငါ အခုထိအဖြူရောင်နေ့ ရက်တွေမှာ
အတူတူလက်တွဲလျှောက်လှမ်းနေတုန်းပေါ့

0 comments:

Post a Comment