စကားလုံးတွေနဲ့ ချစ်ခြင်း
တွေ့ ချင်မြင်ချင်စိတ်ကနည်းပါတယ်
မနက်ကနေညအိပ်တဲ့အချိန်ထိပေါ့
ချစ်သူတွေမဖြစ်ခင်ကတည်းတွယ်တာ
ဖြစ်ပြီးပြန်တော့သံယောဇဉ်တိုးလို့ ပေါ့
အနားမှာထားချင်မိလိုက်တာ
ငြီးငွေ့ ခြင်းမရှိသောတွေ့ ဆုံချိန်တွေ
ရိုးအီခြင်းမရှိသောစကားလုံးတွေ
ပြောင်းလဲမပစ်တော့မယ့်ကတိတွေ
ထပ်ထပ်ခါခါထွေးပိုက်ခြင်းတွေပေးမယ်
မောပန်းချိန်တွေမှာငါ့ပခုံးလေးမှီလို့ ပေါ့
ညစ်ညမ်းတဲ့လေထုကိုငါတို့ စကာလုံးတွေနဲ့ 
ဖျောက်ဖျက်လို့ ထားလိုက်မယ်
ငါတို့ အသက်ရှုသံတွေအကုန်လုံးက
ရယ်မောစရာတွေပြောကြမယ်
သူငယ်ချင်းတွေအကြောင်းပြောမယ်
မိသားစုအကြောင်းပြောမယ်
ဘ၀တစ်ခုအကြောင်းလဲပါတယ်
ငါတို့ ခရီးလမ်းကိုစကားလုံးတွေနဲ့ စီမယ်
မကြာခဏလဲပြောဖြစ်တယ်
ထပ်လို့ လဲပြောပြချင်နေချင်မိတယ်
အရမ်းချစ်တဲ့အကြောင်းတွေပေါ့
လေထုထဲကစကားလုံးတွေက
ငါတို့ ရင်ထဲမှာနေရာယူလို့ ထားမယ်
ငါတို့ လေယူလေသိမ်းတွေကသူများထက်
ပိုမိုထူးခြားနေမယ်ပိုမိုညင်သာနိုင်တယ်
ဘယ်သူမှမပိုင်ဆိုင်နိုင်တဲ့နာမည်တွေကို
ငါတို့ နှစ်ယောက်ခေါ်ဆိုကြတယ်
တစ်ယောက်အမည်တစ်ယောက်ပေးပြီး
အချိန်တိုင်းရေရွှတ်နေမိတယ်
မတွေ့ ရတဲ့အချိန်လေးတွေမှာတမ်းတမိတယ်
ချရေးမိတဲ့စကားလုံးတွေနဲ့ လွမ်းခြင်းပေါ့
0 comments:
Post a Comment